နေ့သစ်လေးတစ်ခုကို အစပြုခဲ့လေပြီ ...။မနက်ခင်း 53း0 တော့ ကိုကြီ
းသော် ကနိုးလို့ အိပ်ရာကနေလူးလဲထလာမိတယ်။အမှန်ဆိုရင် ပြင်ဦးလွင်မြို့မှာ
နွေခေါင်ခေါင်ကြီးဆိုပေမယ့် မနက်ပိုင်း မှာတော့ အိပ်ရာထဲမှ မထချင်သေး
စောင်ခြုံလေးထဲမှာ နေချင်မိသေးသည် ။ဒါပေမယ့် အလုပ်ကလည်းရှိသေးတာမို့
လူးလဲထပြီး ဂိမ်းခန်းထဲကို သန့်ရှင်း ရေးလုပ် ပြီး မျက်နှာသစ် ဆိုင်ခင်း
နှင့် အချိန်က 63း0 သို့ပင်ေ၇ာက်ခဲ့ပေပြီ ..။မနက်ခင်းစောစော မှာ လူက
ဆိုင်မှာ သိပ်မကျ သေးပေ ။ထို့ကြောင့် အီ ကြာကွေးတစ်ချောင်းနှင့်
လက်ဖက်ရည်တိုင်ကီ တစ်ခွက်ကို ဗိုက်ထဲဖြည့်ထားလိုက်သည် ။
လူ မကျသေးတာမို့အေးအေး ဆေးဆေးပင် ဖြစ်နေသည် မို့ ကျတော် အတွေးတွေနောက်ပြန်လွင့်နေမိသည်။
ဒီဆိုင်ကို ရောက်လာသည် က အမ၀မ်းကွဲဖြစ်သူ မလှ က ဆိုင်မှာကူလိုက်ပါအုံးဆို၍
ရောက်လာခဲ့ခြင်းရယ် ပါ။ရောက်လာပုံကတော့ ၇ိုးပါသည်။တစ်ရက် စာမေးပွဲကလည်း
ပြီး ဖားကန့်က လုပ်ငန်းတွေကလည်းနားထားသည်မို့ အမ ဖြစ်သူဆိုင်သို့
လုပ်ငန်းလေး ဘာလေး ၇ှာရင်း လမ်းကြုံသည်နှင့် ၀င်လိုက်မိသည် ။ဆိုင်ရောက်တော့
"ဟဲ့အာကာ နင် အလုပ်ကပြန်မသွားသေးဘူးလား ဒီလောက်အကြာကြီးခွင့်ပေးလို့လား
တောကြာနေ ကြာနေလို့ ပြန်မခေါ်ပဲဖြစ်အုံးမယ်နော် "
အမက
သူကိုယ်တိုင်ကလည်း အလုပ်ကို အားသွန်ခွန်စိုက်လုပ်တတ်တာမို့
ကျတော်တို့ကိုလည်း အလုပ်ကိုကြိုးစားစေချင်သည် စာကိုလည်းကြိုးစားစေချင်သည်
လေ။အမက ဒီလိုပြောလာတော့ ကျတော် ရယ်လိုက်မိသည် ။။"ဟဲ့ဘာရယ်တာလဲ
ငါပြောတဲ့ထဲမှာရယ်စရာဘာပါလို့လဲ"
"အော် မဟုတ်ပါဘူး မလှ ရာ မလှကလည်း
ဖားကန့်မှာ တိုက်ပွဲတွေ ဒီလောက်ဖြစ်နေတာကို ကျတော်ကိုပြန်မသွားသေးဘူးလား
ဆိုတော့ ကျတော်ရယ်တာပေါ့ ဗျ တကယ်လို့ ကုမ္ပဏီက ပြန်ခေါ်ရင်တော့လည်း
သွားဖြစ်ရင်သွားဖြစ်မှာ ပေါ့ အခုက ကုမ္ပဏီ တွေကပြန်မစသေးဘူးလေ ဟိုနေ့က
အကိုပြောတာတော့ 2013 လောက်မှပြန်စမယ်ပြောတာပဲ ဟုတ်မဟုတ်တော့မသိသေးပါဘူး
အဲဒါကြောင့် အခု အလုပ်လိုက်ရှာနေတာပေါ့ အမရ "
ကျတော် ရှင်းပြလိုက် မှ မလှ လည်း သဘောပေါက်သွားသည် ထင်
"အော်
ဟုတ်သားပဲ အဲဒါကိုငါမေ့နေတာ အဲဒါဆိုရင် ငါ ပြောမယ် နင် ဦးဇော်ဆိုင်မှာ
သွားလုပ်ပါလား အဲဒီမှာ ကလည်း အခုလူ ကလိုနေတော့ နင်ခဏကူတဲ့သဘောနဲ့
ဝင်ပေးလိုက်ပေါ့ ဟာ ငါပြောထားပေးမယ်လေ နင်လုပ်မှာလား"
အော်
မလှ တို့များ ကိုယ့်မောင်ကို ကိုယ့်ပညာလေးနဲ့တန်တာများပြောမလား အောင့်
မေ့ပါတယ် လက်ဖက်ရည်ဆိုင်မှာ စားပွဲထိုးပါလားတဲ့ ပြောလဲပြောရက်ပါတယ် နော်..။
"အာမ
လှ ကလည်း လက်ဖက်၇ည်ဆိုင်ကြီးတော့မလုပ်ချင်ပါဘူး ဗျာ မန်းလေး
လက်ဖက်ရည်ဆိုင်မှာ စားပွဲမထိုးချင် လို့ပြန်လာတာပါဆို မလှ က
ဒီတစ်ခေါက်လက်ဖက်ရည်ဆိုင်ကိုလာနေခိုင်းနေသေးတယ် ။တခြားအလုပ်မရှိဘူးလား
အမရယ် ။လက်ဖက်ရည်ဆိုင် က အိပ်ရေးပျက်တယ် ကျတော်
ကအိပ်ရေးပျက်ခံလို့မရဘုးလေ။"
ဟုတ်ပါသည် ကျတော် မန်းလေးမှာ
သူငယ်ချင်းက ခေါ်လို့သူရှယ်ရာဝင်ထားသောဆိုင်မှာ ကောင်တာ ထိုင်
ဖို့သွားဖူးသည် မန်နေဂျာက လစာ ၀င်ဝင်ချင်း 50000 ပေးတာဆိုတော့ကျတော်လည်း
မဆိုးဘူးဆိုပြီးလုပ်လိုက်သည် ။သူငယ်ချင်း ဆိုင် မှာမို့
ကျတော်လိုသူစိမ်းတစ်ယောက်ကို ယုံယုံကြည်ကြည်နဲ့ကောင်တာပေးထိုင်ထားတာကို
ကျတော်က ဘယ်ငြင်းနိုင်ပါ့မလဲ ။ကျတော် အဲဒီဆိုင်မှာ အလုပ်ဝင်လုပ်တော့ ကိုယ်
ကအကြီးဖြစ်တာမို့ မန်နေဂျာက မနက်ခင်း လေးနာရီခွဲထပြီး
စားပွဲထိုးတွေကိုနိုးခိုင်းသည် ။မနက်လေးနာရီခွဲဆိုတဲ့အချိန်က
အိပ်ကောင်းတဲ့အချိန်ဖြစ်ပေမယ့် ကျတော် စားပွဲထိုးလေးတွေကိုလိုက်နိုးရသည်
စားပွဲထိုးလေးတွေကလည်း ကလေး တွေဖြစ်တာမို့ သူတို့လည်း အအိပ်မက်တာကို
ကျတော်ကိုယ်ချင်းစာပါသည် ။သို့ပေမယ့် သူတို့မထရင် မန်နေဂျာက
ကိုယ့်ကိုလာပြောမည်မဟုတ်ပါလား ..။သူငယ်ချင်းကရှယ်ယာထည့်ထားတာမှန်ပေမယ့်
သူက လည်း တိုးဂိုက် တစ်ရောက်ဖြစ်နေတော့ နယ်ထွက်နေရတာပိုများ သည်
မဟုတ်ပါလား။သို့နှင့် ကျတော်လည်း ပထမတစ်ရက်ကိုစိတ်ညစ်စွာနှင့်ဖြတ်သန်းလိုက်
သည် ။ထို သည် ကမနက်ပိုင်း
ပင်တည်း..။နေ့လည်ပိုင်းတွင်နားချိန်ကလေးနာရီရတယ်ဆိုပေမယ့်
လက်ဖက်ရည်ဆိုင်မှာ ဖြစ်နေတော့ သီချင်းသံ အော်သံတွေနှင့် ကောင်းကောင်း
အိပ်လို့မရခဲ့ပေ ။လာတုန်းက ကောင်တာထိုင်ရန်လာခဲ့တာဖြစ်ပေမယ့် တကယ်ရောက်တော့
စားပွဲထိုးလေးတွေ ကအင်အားနည်းလှ တာမို့ ဆိုင်ကြီး တစ်ဆိုင် ဖြစ်သော ဤ
ဆိုင် တွင် ဧည့် သည် ကိုမထိန်းနိုင်ဘူးဖြစ်နေတာမို့ ကျတော် မှာတစ်နေကုန်
သူတို့ကို စားပွဲထိုးကူရ ကောင်တာပြေးလိုက်ရ တစ်ခါ ဂိုဒေါင် စာရင်း
ပါအပ်ထားတာမို့ ပစ္စည်း ထုတ်လျှင် လုပ်ပေးရနှင့် တစ်နေကုန် လူက အလုပ်
ကိုဇယ်ဆက်သလိုလုပ်နေရသည် ။ဒီလိုနှင့် ညဘက်ဆိုင်သိမ်းချိန်ကို ရောက်တော့
ဆိုင်သိမ်းကူပေါ့ ။သတိရလို့နာရီကိုကြည့်မိတော့ နာရီ က 11 နာရိ
ပင်ကျော်ခဲ့ပြီ ဆိုင်က Wifi ပေးတာမို့ 11 နာရီ ဆိုတာ အစောဆုံးသိမ်းတာလို့
စားပွဲထိုးလေးတွေကတော့ပြောဖူးသည်။တကယ့် လက်တွေ့မှ ပင် ကျတော်လည်း
စိတ်ဓါတ်ကျချင်ချင်ဖြစ်လာပြီ သူငယ်ချင်း ကျလည်း
ခရီးထွက်သွားတာပြန်မရောက်လာသေး ပေ ။ဘယ်တော့ပြန်ရောက်မလဲ ဆိုတာကို
မေးလိုက်တော့ သူကလည်း အတိကျမသိဘူးတဲ့ကောင်းရော ..။အဲလိုနှင့်
ပထမတစ်ရက်ကိုကျေတော် ပင်ပန်းစွာဖြင့်ကျော်ဖြတ်လာပြီး နောက်တော့ တော်တော်
ကို စိတ်ကုန်သွားခဲ့ပါတယ် ။ဟုတ်တယ် ကျတော် အဲဒီဆိုင် မှာ သုံးရက်ပဲနေတယ်
တကယ့်ကိုသုံးရက်ပါပဲ နောက်တော့သူငယ်ချင်းတွေနဲ့ရော အိမ်နဲ့ပါ တိုင်ပင်ပြီး
မေမြို့ကို ပြန်လာခဲ့လိုက်တော့တယ်လေ။
ထို ကိစ္စတွေ
ကြောင့်မို့ စားပွဲထိုးလုပ်ရမည့်အလုပ်ကို ကျတော် တော်တော် ကို
စိတ်ကုန်သွားမိသည်။ဒါကိုမှ မလှက အခု လက်ဖက်ရည်ဆိုင်စားပွဲထိုး
ဖို့ကိုလာပြောနေပြန်သည် ။တကယ်ဆိုရင် ကိုယ့် မောင်လေး
တတိယနှစ်တောင်ဖြေပြီးပြီ လေ တစ်ခြားသင့်တော်
မယ့်အလုပ်လေးဘာလေးကိုအကြံမပေးဘဲ စားပွဲထိုးခိုင်း
သည်လေ။အမှန်တိုင်းပြောရလျှင် ကျတော် စားပွဲထိုးမလုပ်ချင်တော့ပေ
တတိယနှစ်အောင်ပြီးသား ယောက်ျားလေး တစ်ယောက် အတွက် လက်ဖက်ရည်ဆိုင် မှာ
စားပွဲထိုးလုပ်လျှင် လစာ က 30000ထက်ပိုနိုင် ပါ့မလား ။တွေးကြည့်ရုံနှင့်တင်
သည် အလုပ်ကို တော်တော် စိတ်ပျက်မိသည်။သို့သော် လုပ်ငန်းတွေပြန်စဖို့ကလည်
းတစ်လပင် မလိုတော့ပေ ထို့ကြောင့် ပင် ကျတော်လည်း ဒီအလုပ်လေးကို
ခဏ၀င်လုပ်နေလိုက်ရင်တော့ အိဒြေ္နရသေးတယ်ဆိုပြီး ခဏ ၀င်လုပ်ဖို့ကို
ဆုံးဖြတ်လိုက်မိသည်။ဒါကပင် ကျတော့်အမှားဖြစ်ခဲ့လေလားမသိတော့ပေ..။
အတွေးနှင့် မျော နေမိတာအချိန်ဘယ်လောက်ကြာသွားသည်မသိ မကေ က အာကာရေ
ခုံသစ်မှာ ဧည့် သည်မေးလိုက်ပါအုံး" ဆိုမှ ပဲ ကျတော်လည်း သတိပြန်ဝင်လာသည်
။ဒီလိုနှင့် အချိန် က မနက် 8း00ခန့်ရှိမည်ထင်သည် ။ဆိုင်ကိုဧည့်သည်
ဒီနေ့ပါး သည်ဆိုပေမယ့် ထိုအချိန်တွင် ဂိမ်းဆော့မည့်  ကလေးများနှင်
့ကိုရင်များရောက်လာတာမို့ ကျတော် ဂိမ်းထဲကို
ဝင်နေပြီးစက်တွေဖွင့်ပေးနေလိုက်သည်။ခဏကြာတော့ မကြီး က" အာကာရေ အဲဒီ
ကပြီးတော့မှာလား ပြန်ထွက်ခဲ့အုံး ဒီမှာ ငါ မုန့်တီ
ခြောက်ပွဲမှာလို့သွားလုပ်ပေးလိုက်အုံးမယ် "ဆိုတော့ကျတော်လည်း
ဖွင့်ပေးထားသောစက်တွေကို အချိန်မှတ်ပြီး
လက်ဖက်ရည်ဆိုင်ထဲပြန်ဝင်လိုက်သည်။ဆိုင်က လက်ဖက်ရည်ဆိုင်နှင့်
အင်တာနက်ဆိုင်ဖွင့်ထားတာမို့ မနက်ပိုင်းဆိုရင်တော့ ဂိမ်းထဲပြေးလိုက်
စားပွဲထိုးလိုက်နှင့် ဗျာနည်းနည်းများရသည်လေ။ထိုကြောင့်လည်း မကြီးက
ကျတော်ကို လစာ လေးသောင်းထိတော့တိုးပေးခဲ့ပါသည်။ဒါပေမယ့်ပေါ့ တစ်လကို
အသားတင်လစာ 60000အပြင် တစ်နာရီကို 350 ရသည့် အရင်အလုပ်တော့တော့ စိတ်က
မပျော်ချင်တာအမှန်ရယ်ပါ။မြန်မာနိုင်ငံ ၏ကျောက်စိမ်းနယ်မြေတစ်ခုဖြစ်သည့်
ဖားကန့် ရတနာမြေမှာ အလုပ်လုပ်ခဲ့စဉ်က စိတ်ချမ်းခဲ့ရသည် ။ဘာချုပ်နှောင်
မှုမှမရှိ ဟန်ဆောင်မှုတွေ ကင်းကင်းနှင့် လုပ်ကိုင်ခဲ့ရပေမယ့်
။ဒီလုပ်ငန်းကတော့ ဟန်ဆောင်မှုအပြည့်နှင့်လုပ်ခဲ့ရသည်လေ။ကျတော်
အကျင့်လူတစ်ယောက်ကို မကြိုက်ဘူး အဲဒီလူနဲ့ဆက်ဆံရတာကို အဆင်မပြေဘူးထင်ရင်
စဉ်းစားမနေဘဲ ခေါက်ထားတတ်သည်လေ။ဒီလုပ်ငန်းကတော့လူတွေကို မုန်းမုန်းခင်ခင်
အပြုံးနဲ့ဆက်ဆံရသည်
မဟုတ်လား....။ကျတော်အမုန်းဆုံးကလည်းအဲဒီဟန်ဆောင်အမုန်းတွေကိုပါ.။ကျတော်အမုန်းဆုံးအလုပ်ကိုလုပ်နေရတာကိုလည်း
ကျတော် ပိုမုန်းမိတယ်။သို့ပေမယ့် ဘယ်တတ်နိုင်ပါ့မလဲ လူဆိုတာက
ကံစေရာအတိုင်းကိုလျှောက်နေရတာ မဟုတ်လား။ကျတော်လည်း ကံစေရာလမ်းကို
လျှောက်လှမ်းနေရတယ်လို့ပဲ ဖြေလိုက်တယ်။တကယ်တော့
ဒီအလုပ်ကိုကျတော်ကိုယ်တိုင်ကျေကျေနပ်နပ်နဲ့ခံယူခဲ့တာကို
ကျတော်ကိုယ်ကျတော်ညာနေမိသည်။
ဒီနေ့မနက်ကတော့
ဂိမ်းထဲဝင်လိုက် အရှေ့ပြန်ကြည့်လိုက်နဲ့လုံးလည်ချာလည်လိုက်နေသည် ။ဆိုင်မှာ
ဒီနေ့ဧည့်သည်ကပြောလောက်အောင်မကျ ပါ ။5
ဝိုင်းလောက်သာရှိသည်ဟုကျတော်ထင်သည်။အောက်ဝိုင်းမှာက
ဝန်ထမ်းတွေထိုင်နေကြသည့်တစ်ဝိုင်း သာ ရှိသည်။ကျတော် ဂိမ်းထဲကို
ခဏ၀င်သွားတုန်း မကြီးက အော် ခေါ်လို့ပြန်ထွက်လာချိန်တွင်တော့
အောက်ဝိုင်းမှာမိသားစုတစ်စုကိုတွေ့လိုက်မိသည်။တော်တော် အဖွဲ့တောင့်တာမို့
ခုံပင်နှစ်ခုံဆက်ထိုင်ကြတာကိုကျတော်သတိထားမိလိုက်သည်။
ထိုအချိန်ကျတော် စားပွဲထိုးရ ဂိမ်းထဲဝင်လိုက်ရနှင့်ပျာယာခတ်နေသည့်
အချိန်မှာပင် မကေ ကလက်ဖက်ရည်ဖျော် မကြီးက မုန့်တီ သုပ်နှင့် ကိုယ်စီ
ပြေးလွှားနေရတာမို့ အရှေ့မှာ ကျတော်တစ်ယောက်တည်းနှင့်
လက်မလည်နိုင်အောင်ဖြစ်နေသည် ။ထိုစဉ်အောက်မှ ၀န်ထမ်းဝိုင်း
ကကျတော့်ကိုပိုက်ဆံရှင်းတာထမင်းကျော်
တစ်ပွဲနှင့်ကော်ဖီတစ်ခွက်...။နောက်တစ်ယောက်က ရှင်းလိုက်တာက မုန့်တီ
နှစ်ပွဲနှင့် ကော်ဖီတစ်ခွက်လက်ဖက်ရည်တစ်ခွက် နှင့် ပါဆယ် ဖိုး စုစုပေါင်း
နှစ်ထောင့်နှစ်ရာကိုကျတောယူလိုက်သည် ။နောက်တော့ ကျတော်လည်းရှင်းထားသမျှ
ပန်းကန်တွေကိုလိုက်သိမ်းနေစဉ်မှာပင် အကုန်မသိမ်းလိုက်နိုင်ပဲ
ဂိမ်းထဲကခေါ်လို့တစ်ခေါက်ပြန် ၀င်လာ ၇သည် လေ..။စက်ဖွင့်ပြီး
အချိန်တွေမှတ်နေစဉ်မှာပင် မကေ က အာကာရေ ဒီ ၀ိုင်းကဘာတွေရှင်းထားတာလဲ
"ဆိုပြီးမေးလာတော့ ကျတော်လည်း အကုန်မသိမ်းရသေးသည်ကို သတိမရတော့ပဲ နှင့်
"မကေ အဲ့ ၀ိုင်း ကကျတော်ရှင်းထားသမျှကို သိမ်းလိုက်ပြီလေ"
ဆိုပြီးကျတော်လည်း စက်တွေကိုအချိန်ပြန်မှတ်နေလိုက်တယ် ။မကေ က
"အာကာ
ရေ လာ နင်ပဲတွက်လိုက်တော့ဟာ ကျန်တာတွေကို
အခုငါ့ဆီရှင်းလိုက်တာတွေငါသိမ်းလာပြီ သူတို့က
ကျန်တာတွေကအကုန်ရှင်းပြီးပြီတဲ့ ငါလည်းမသိတော့ဘူး နင်လာလိုက်တော့ "
ဆိုတော့ကျတော်လည်း
အောက်ကိုဆင်းပြီး ကြည့်လိုက်တော့ ကျတော်သိမ်းဖို့လိုသွားတာက ဆေးလိပ်
တစ်လိပ်သာသောက်ထားသောဆေးလိပ်ပွဲ တစ်ပွဲနှင့် ထမင်းကြော် ပန်းကန်တစ်ချပ်
နှင့် ကော်ဖီပန်းကန်တစ်လုံးသာ....မသိမ်းလိုက်မိသည်ကိုတွေ့လိုက်သည်။
"ဟုတ်တယ်
ဟုတ်တယ် ဒါကတော့ကျတော်ကို ရှင်းထားတယ် အကို ဆောရီးနော် ဒါကကျတော်မှားတာပါ
ဒါပေမယ့်ကျန်တာတွေက ကျတော့်ကိုမရှင်းသေးဘူးလေ..။"ကျတော်ဆိုတော့ အဲဒီထဲက
အကိုတစ်ယောက်က
"ဟာဟေ့ကောင် စောစောကမင်းကို ကိုသန့်အကုန်ရှင်းသွားတယ်မဟုတ်ဘူးလား ကွ ဒါတွေကဘယ်သူတွေသောက်ထားတာလဲ "
သူကအဲလိုမေးလိုက်တော့
ဘယ်သူသောက်ထားတာလဲ ဆိုတော့ကျတော် ဘာပြောရမှာလဲ လူပေါင်း
မရေနိုင်အောင်လာပြီး ၀င်ထွက်စားသောက်နေတဲ့ဆိုင်တစ်ဆိုင်က
စားပွဲတစ်ဝိုင်းမှာ ဘယ်သူထိုင်သောက်သွားလဲဆိုတာလောက်ထိတော့
ကျတော်တို့ဘယ်လိုသိမလဲနော်...။နောက်ပြီး တော့
လူတိုင်းရဲ့နာမည်ကိုဘယ်လိုလိုက်မှတ်နိုင်ပါ့မလဲနော် ..။ထိုအချိန်မှာ ကျတော်
သိပ်ပြီး စကားကိုရှည်ရှည်ဝေးဝေးမပြောချင်တော့ပေ ..။ထိုအချိန်မှာ
ခေါင်းထဲဝင်လာတဲ့ စကားတစ်ခွန်းက လွန်ခဲ့တဲ့တစ်ပတ်လောက်က
လူတစ်ယောက်ပြောခဲ့ဖူးတဲ့ စကားတစ်ခွန်း ပါ
"မင်းတို့ ကရှင်းပြီး သားတွေတော့မသိမ်းဘူး နောက်မှ မရှင်းရသေးဘူးဆိုပြီးလာပိုတွက်အုံးမယ် "တဲ့
ဘယ်လောက်စော်ကားလိုက်တဲ့စကားလဲ
...။တချို့ ဧည့်သည် တွေက ငါတို့ ပိုက်ဆံပေးစားတာပဲဆိုပြီး
စားပွဲထိုးတွေကို ချိုးချိုးနိမ်နိမ် ဆက်ဆံချင်ကြတယ်။ကျတော် လည်း အရင်
တုန်းက လက်ဖက်ရည်ဆိုင်ထို်င်ရင်ပဲဖြစ်ဖြစ် ဆိုင်တစ်ဆိုင်မှာပဲဖြစ်ဖြစ်
သွားထိုင်ရင် စားချင်တာမှာ ပြီး ကြာရင်စိတ်တိုတတ်ခဲ့ဖူးသည်
။ကိုယ်တိုင်စားပွဲထိုးအလုပ်ကိုလက်တွေ့လုပ်ရတော့ မှ ကိုယ်ချင်းစာမိသည်
။စားပွဲထိုးဆိုတာက မှာ ပြီး မှာထားတာရရင် ချပေးရုံးပဲလေ
..။ကိုယ်မှာလိုက်တဲ့
အစားအသောက် ကို ရရင်သာချပေးရမယ် ..။မ၇သေးရင်မြန်မြန်လုပ်ပေးပါ
ဆိုရုံကလွဲပြီး ဘာလုပ်ပေးလို့ရမှာလဲနော်...။ဒါကို ဧည့်သည်တွေက အားအားရှိ
သည်စားပွဲထိုးတွေကိုပဲ ဖိဟောက်နေကြသည် ။ကျတော်လို ခဏ၀င်လုပ်သည့်
လူမျိုးဆိုရင်ပိုဆိုးသည်ပေါ့..။သည်းခံမှုဆိုသည်မှာ လည်းအတိုင်းအတာတစ်ခု
၇ှိတာမို့ ကျတော် လည်း ပုထုဇဉ်လူသားပီပီ ဒေါသတော့ထွက်တတ်သည် ။ဒေါသကို
မမြိုသိပ်ထားတတ်သူတစ်ယောက်အတွက် သည်လိုနေရာမှာ လုပ်ရတာ တော်တော် နေရခက်သည်
..။စိတ်မပါလည်းပြုံးပြ စိတ်ပါလည်းပြုံးပြလုပ်ရသည် က တော်တော်
အဆင်မပြေသည့်ကိစ္စပါ..။ယခုလည်းကြည့်လေ ပိုပြီး၇ှင်းတယ်တဲ့
...။ဘယ်လောက်ခံရခက်သည့် စကားလဲ နော် ...။ပိုပြီးရှင်းတော့ရော
ကျတော်တို့အတွက်ကဘာရမှာလဲ ဟုတ်တယ် မို့လား ..။ကျတော်တို့
လူသာဆင်းရဲရင်ဆင်းရဲမယ် သူများ ပစ္စည်းကို မတရားယူလောက်အောင်ထိတော့
စိတ်ဓါတ်အောက်တန်းမကျတာ အမှန်ရယ် ပါ။ဒါကြောင့်မို့ ကျတော်လည်း
ရှင်းနေတဲ့ဝိုင်းက မရှင်းရသေးတဲ့ ပန်းကန်တွေ တန်ဖိုးရှစ်ရာလောက်
သာရှိတာမှန်ပေမယ့် ..။ထိုစကားမျိုးကို နောက်ထပ်အပြောမခံချင်တာမို့ "ရတယ်
အကို ကျတော်ပဲစိုက်ရှင်းလိုက်မယ် ကျတော်လစာထဲက ဖြတ်ခိုင်းလိုက်မယ် "
တကယ်တမ်းတော့
မကြီး တို့ကလဲ အဲလောက်သဘောထားသေးတဲ့လူတွေမဟုတ်တာမို့ လစာထဲကလည်းဖြတ်မှာ
မဟုတ်ပါ ။သို့သော် ကျတော် အဲဒီ ရှစ်ရာ ဖိုးကို မရှင်းလိုက်တာကတော့
အသေအချာပါ
သူတို့ကပြောတာကြားလိုက်တယ် "အဲဒီ ခွက်
ကစီနီယာကြီးသောက်သွားတာ မို့လား မင်းကို ကို....................
အကုန်ရှင်းသွားတယ်မဟုတ်လား" တဲ့
ဟောဗျာ အဲဒီ အကို
ရှင်းနေတဲ့အချိန်မှာ အဲဒီစီနီယာဆိုတဲ့လူကြီးတောင်မရောက်လာသေးပါ ..။ဟုတ်တယ်
ကျတော် သူပြောမှ အဲလူကြီးမျက်နှာကို ပြန်မြင်ကြည့်လိုက်မိသည်
...။ဟုတ်တာပေါ့ သူကဘာလို့ သူသောက်ထားတာကို မရှင်းခဲ့တာလဲ နော်
နောက်ထပ်ထပြန်သွားတ့လူတွေရှိသေးတာကိုကျတော်စဥ်းစားလိုက်မိသည် ။။သူတို့ကလည်
းမရှင်းချင်လို့တော့မဖြစ်နိုင် ၀ိုင်းထဲမှာ
ထိုင်နေတဲ့လူတွေရှင်းမှာပဲဆိုပြီး ထားခဲ့တာထင်သည် ..။ထားခဲ့မယ်ဆိုရင်လည်း
ရှင်း ပေးမယ့်သူကို တိတိကျကျ သိမှထားခဲ့သင့်တာပေါ့ အခုလို ထားသွားတော့
ကျန်ခဲ့တဲ့လူက လဲရှင်းပြီး သားမှန်းမသိ မရှင်းသေးမှန်းမသိ နှင်
့ဘယ်သူကရှင်း နိုင်မလဲနော်...။
ထိုကစ္စကထိုမျှနှင်
့ပြီး သွားပေမယ့် ကျတော် ၇င်ထဲမှာ အခဲမကြေနိုင်သေးတာက ထို
ကိစ္စမှာဘယ်သူမှားခဲ့တာလဲဆိုတာကိုပါ..။ရှင်းပြီးသား
တွေကိုတစ်ခါတည်းမသိမ်းနိုင်တဲ့ကျတော်ကပဲမှားခဲ့တာလား ...။ဒါမှ မဟုတ်
မရှင်းပဲထသွားခဲ့တဲ့ လူကြီးတွေ ကပဲမှားတာလား ..။ဒါမှ မဟုတ်ကျန်ခဲ့ တဲ့လူတွေ
ကပဲမှားတာလား ။
တော်ပြီ ။။ ။။မရှင်းပဲထပြန်သွားတဲ့လူတွေကိုပဲသွားမေးတော့မယ် ။။။ ။။
ရသမြောက်စာ တစ်ပုဒ်သာဖြစ်သည့်အတွက် တိုက်ဆိုင်မှုများရှိခဲ့လျှင်ခွင့်လွှတ်ပေးပါရန်။။ ။။
အတွေလေး
22.4.2013
Post a Comment